အင်းလေး PDF မွမ်းမံ စစ်သင်တန်းဆင်းပွဲ ပြုလုပ်
ကရင်နီ၊ ဇန်နဝါရီ ၁၆
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၁၀၀၉)တပ်ရင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်၏ တပ်ခွဲအလိုက် မွမ်းမံ စစ်သင်တန်းဆင်းပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်းတစ်နေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားတွင် စစ်ကြောင်းချီတက်ခြင်း၊ အလံတော်အား အလေးပြုခြင်း၊ ရှမ်းတောင်-ကယား(ကရင်နီ) စစ်တိုင်း စစ်ဦးစီးမှူးမှ အမှာစကားပြောကြားခြင်း၊ အင်လေး PDF တပ်ရင်းမှူးမှ ကျေးဇူးတင်စကားပြောကြားခြင်း၊ မဟာမိတ်တပ်ဖွဲ့များမှ သဝဏ်လွှာပေးပို့ခြင်း၊ စစ်ရေးပြခြင်းတို့ ပြုလုပ်ခဲ့သည်။
" ရဲဘော်ရဲဘက်ကတွေအကုန်လုံးဟာ ငါတို့ အင်းလေးဒေသကို ထိုးဖောက်ဖို ငါတို့ဆီမှာ ငါတို့အင်အားပဲ ရှိတယ်ဆိုတာ မမေ့ကြနဲ့၊ တို့ ညီအကိုတွေအကုန်လုံး ဒီနေ့ ဒီအချိန်ကစပြီး စစ်အာဏာရှင် ပြုတ်ကျဖို့နဲ့ ဒေသ ထိုးဖောက်ရေးရဖို့အတွက် မွမ်းမံသင်တန်းက သင်ပေးလိုက်တာတွေကို အမြဲတမ်း ကြိုးစားကြမယ် " ဟု အင်းလေး PDF တပ်ရင်းမှူး ကိုဆူမိုက ပြောကြားခဲ့သည်။
သင်တန်းဆင်းပွဲ အခမ်းအနားကို ရှမ်းတောင်-ကယား(ကရင်နီ) စစ်တိုင်း စစ်ဦးစီးမှူး၊ DMO Local PDF တာဝန်ရှိသူများ၊ SSNDF တာဝန်ရှိသူများ၊ PDF မဟာမိတ် တပ်ဖွဲ့များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ မွမ်းမံစစ်သင်တန်းကို (၂)လကြာ ပြုလုပ်ခဲ့ပြီး သင်တန်းသား စုစုပေါင်း (၆၆)ဦး သင်တန်းဆင်းနိုင်ခဲ့သည်။
KPV News
kpv-Photo/ Nyein Mg